Blog တစ်ခုကို အမှတ်မထင် ရောက်သွားရာက နေ ဖတ်ကြည့်လိုက်တော့ R.I.T တစ်ကျောင်းထဲက အမတစ်ယောက်ရဲ့ blog ဖြစ်နေတယ်။ ဘယ်သူလည်းတော့ မသိပါဘူး။ ဒါပေမဲ့ တစ်ကျောင်းထဲက ကိုယ့်နဲ့ အတန်းကြီး တော့ အမ ပဲပေါ့။ RIT ကျောင်းသူတစ်ယောက်ရဲ့ ဘ၀ ကိုပုံပေါ်အောင်ရေးထားသာ ကြိုက်လို့ ပြန်လည် ကူးယူ ဖော်ပြပါတယ်။
http://laynuaye.blogspot.com/2008/07/rit.html
ပထမနှစ်
LCR(မိန်းခလေးများနားနေခန်း) ကနေ တက်ရမယ့် အခန်းကို ချောင်းကြည့်လိုက်တော့ အတော်လန့် သွားသည်။ ကော်ရစ်ဒါ ဟိုဘက်ဒီဘက်မှာ ကြိတ်ကြိတ်တိုး စည်ကားနေသည့် ယောင်္ကျားလေးတွေ။ RITမှာ ယောင်္ကျားလေးဒီလောက်ပေါတယ်ဆိုတာ ခုမှတကယ် ယုံတော့သည်။ တချို့ က ပြုံးပြုံး၊ တချို့ ကသွားအဖြဲသား၊ တချို့ ကျပြန်တော့ အိုက်တင်အပြည့်နဲ့  ခပ်တည်တည်၊ တချို့ က ကဗျာသမား စာသမားလို ကြေကြေကွဲကွဲ။ ဒီလူအုပ်ကြားထဲကနေ အတန်းရှိရာသွားဖို့  အားလုံးက ခြေရွံ့ နေကြသည်။
အဆောင်သူ အချို့ က ငိုမဲ့မဲ့။ DAYကျောင်းသူတွေလဲ မျက်နှာငယ်လေးတွေနှင့်။ အချိန်စောရောက်မှ ရှေ့ ဆုံးတန်းက နေရာရမည်။ ဒီတော့ ကြောက်နေလို့ မဖြစ်။ အားလုံးမျက်နှာက အတင်းအားတင်းပြီး ခြေလှမ်းပြင်သည်။ ကနွဲ့ ကလျ လှမ်းနေလို့ ကတော့ ပိုစနောက်စရာဖြစ်မည်။ ဒီတော့ ခပ်သွက်သွက်လှမ်း။ မျက်တောင်လေးချ ကြောက်ရွံ့ နေပြ လို့ ကတော့ အနီးကပ်စဣူမြားပစ်မှတ်။ ဒီတော့ ခပ်တည်တည်နဲ့  ရှေ့ တူရူကြည့်။ မ၀င့်မရဲ မခို့ တရို့ လုပ်နေလို့ ကတော့ နောက်ဆုံးတန်းမှာ ထိုင်ပေတော့။ နင်လဲလူ၊ ငါလဲလူ ယောင်္ကျား၊မိန်းမ ဘေးချိတ်။ အဲဒီလို စိတ်က ခုလို ပထမနှစ်မှာပဲ မဖြစ်မနေမွေးခဲ့ရသည်။
ရှေ့ က မျက်မှန်ထူထူနဲ့ အတန်းတူ မိန်းခလေးကို ပြောင်စပ်စပ်မျက်မှန်နဲ့ လူက စာလိုက်ပေးနေသည်။ ဘေးက အားပေးသံတွေက ဆူဆူညံညံ။ အဲဒီလူပဲ ဟိုတနေ့ က ကားပတ်ကင်မှာ နာမည်ကြီးသည့် မျက်မှန်နှင့် ကောင်မလေးကို အသဲအသန်ကြွေပြနေခဲ့သည်။ သက်သက် သူနဲ့ ပုံစံတူ မျက်မှန်လေးတွေကို ရွေးနောက်သည်။ မျက်မှန်နဲ့ မိန်းခလေးက ခြေလှမ်းမပျက်။ မရယ်မပြုံး။ ရှက်ကိုးရှက်ကန်းလဲ မဖြစ်။ ဒါမှRITကျောင်းသူအစစ်။
Tပေတံနဲ့  ဟိုပြေးဒီပြေး အတန်းပြောင်းတော့ ရှေ့ ဆုံးတန်းမှာ No Lady first. အရင်ရောက်၊ အရင်ထိုင်။ တခါတလေတော့ ရေများရေနိုင်။ မီးများမီးနိုင်။ နှစ်ယောက်လောက်ကတော့ မိန်းခလေးတွေ မတိုင်ပင်ပဲ ပညာပေးတော့ အစွန်ဆုံးထိုင်နေတဲ့ gentlemenတွေ ခုံပေါ်ကပြုတ်ကျ။ ဟုတ်ကဲ့။ ဘ၀ပေး အခြေအနေ အရ ပထမနှစ်မှာပဲ ယောင်္ကျားလေးတွေ
နဲ့ ရင်ဘောင်တန်းနိုင်အောင် လေ့ကျင့်ခဲ့ရတာ RITကျောင်းသူပါ…။
****************************************
ဒုတိယနှစ်
“ရှင်ဘယ်လို ဖြစ်နေလဲ…မော်ကွန်းထိန်းတိုင်လိုက်ရမလား”
“ရပါတယ်…ညီမရက်စက်နိုင်ရင် ကိုယ်ကိုယ်တိုင် မော်ကွန်းထိန်းဆီ လိုက်ပို့ ပေးမယ်”
“ကဲ..ဒါဆိုလာ…မော်ကွန်းထိန်းဆီ ခုသွားမယ်”
“ဟဲဟဲ…နောက်နေ့ မှနော်…ကိုဒီနေ့  projectကိစ္စအရေးကြီးနေလို့ ”
ဒီလို သွေးတိုးစမ်းသူတွေနဲ့ ကျတော့ ဒုတိယနှစ်မှာ ပိုအရေထူလာသည်။
“ဟဲ့…မိတ်ဆက်ပေးရဦးမယ်…သူက စည်သူတဲ့..နင်တို့ RITကပဲ…သူကတော့နင့်ကို မသိဘူးတဲ့...ယုံပါတယ်…တချိန်လုံးတို့ ကျောင်းပဲ လာနေတာ”
Rollချင်းကပ်၊ LABလဲတူ၊ Drawingလဲတခန်းထဲ…ဒါနဲ့ တောင် မသိဘူးလို့ 
ဗြောင်လိမ်တတ်ပြီး “တွေ့ ရတာ ၀မ်းသာပါတယ်” ဆိုတဲ့သူတွေကိုလဲ ဒုတိယနှစ်ရောက်တော့
အတော်အထာနပ်လာသည်။
ပထမနှစ်က သိပ်မသွားရဲသည့် ကန်တင်းကို ဒုတိယနှစ်ကျတော့ ခြေလှမ်းစိတ်လာသည်။ အဆောင်သူလေးတွေ Dinnerမှာ သီချင်းဆိုရုံတင်မက တချို့ က လူရွှင်တော်တောင် လုပ်လာသည်။ တချို့ ကာတွန်းပညာရှင် မိန်းခလေးတွေ ကာတွန်းBOXမှာ လက်စွမ်းပြလာသည်။ ကဗျာစာအုပ်လေးတွေမှာ မိန်းခလေးကလောင်သစ်လေးတွေ
တိုးလာသည်။
Rollလုပွဲတွေ ကြောင့် တော်တော်များများ ကျောင်းသူတွေ စာမေးပွဲနီးလျှင် မျက်နှာမှာ သနပ်ခါးမတင်အား။ Library၊ Workshop၊ Drawing ခန်း ဟိုပြေးဒီပြေးနဲ့  ဒေါက်ဖိနပ်တွေက ဖိနပ်စင်ပေါ်မှာ လုံးလုံးအနားရသွားသည်။ မေဂျာခွဲမယ့်နှစ်ဆိုတော့ အားလုံးစာအုပ်တွေထဲ ကျွမ်းပစ်ရသည့် ဒုတိယနှစ်။
****************************************
တတိယနှစ်
မေဂျာချင်းတူတော့ ယောင်္ကျား၊မိန်းမတွေမေ့။ မေဂျာသွေးက စကားပြောလာသည်။ အထူးသဖြင့် မေဂျာ ဘောလုံးပွဲတွေမှာ။ ကိုယ့်မေဂျာအတွက် အားပေးရင်း အသံတွေပြာ။ လက်တွေနာ။ ကမ္ဘာ့ဖလားထက် ရင်ပိုခုန်သည်။ အတန်းထဲက မိန်းမအဆန်ဆုံးQueenလေးပင် RITကျောင်းသူဇာတိပြကာ အော်ဟစ်အားပေး။ ကိုယ့်မေဂျာ နိုင်တော့ မော့မော့။ ကိုယ့်မေဂျာရှုံးတော့ အနိုင်ရမေဂျာအတန်းရှေ့ က မဖြတ်။
ပေပေတေတေ သူငယ်ချင်းတချို့  ဖဲရှုံးလို့  ပိုက်ဆံချေးရသည်။ ကြိတ်ကြွေသူငယ်ချင်း
တချို့ ရင်ဖွင့်သံကို ကန်တင်းမှာ ထိုင်ရင်းနားထောင်ပေးရသည်။ မိန်းထဲက အသဲကွဲဇာတ်လမ်းတွေကတော့ စာရေးဝါသနာပါသူတွေ အတွက် ကုန်ကြမ်း။ ကဗျာစာအုပ်တွေ အတူထုတ်။ တတိယနှစ်မှာ RITနဲ့  တဖြေးဖြေးအသားကျလာတော့ မိန်းမဆန်မှုတွေက လျော့လျော့လာ။
****************************************
စတုတ္ထနှစ်
သဇင်သူတွေ သဇင်ကို အလွမ်းသယ်ကြသည့်နှစ်။ ပုပ္ပား၊ဒူးယား၊အင်းလေး၊စည့်ကူ က လူပျိုသိုးတွေ ပထမနှစ်၊ ဒုတိယနှစ်သဇင်သူလေးတွေဆီ လျှောက်ပြန်သံပေးဖို့  စတုတ္ထနှစ်သဇင်သူတွေက ပေါင်းကူး။
ခရေပင်လမ်းပေါ်မှာ ကချင်လွယ်အိတ်တလုံးနဲ့  ကဗျာတပုဒ် ကာရံရှာတဲ့အခါရှာ…Libraryထဲမှာ စာတပုဒ်ကို ငြင်းခုန်တဲ့အခါငြင်း….နွေးအေးမှာ သီချင်းလေးတွေနဲ့ အတူ လွင့်မျောတဲ့အခါလွင့်မျော… ရှပ်အင်္ကျီခပ်ပွပွတထည်… ဒါမှမဟုတ် ဗမာအင်္ကျီခပ်ပွပွတထည်ဝတ်ထားတတ်တဲ့ မျက်နှာမှာ သနပ်ခါးမရှိတဲ့မိန်းခလေး တယောက်ယောက်များတွေ့ ခဲ့ရင် အဲဒါ စတုတ္ထနှစ်RITကျောင်းသူပါပဲ။
အတန်းထဲက သူငယ်ချင်းတွေကတော့ ဒီလောက်နှစ်အကြာကြီး ရင်းနှီးလာတော့ အမလို… ညီမလို… မောင်လို… အကိုလို… ကျောင်းကို ဆွေမျိုးတွေ အများကြီးနဲ့ နေရတဲ့ အိမ်လို ရင်းနှီးလာတဲ့ စတုတ္ထနှစ်။ တနေ့ တခြား ခက်ခဲလာတဲ့ စာတွေကြားထဲမှာ စာအုပ်ကို တနေကုန် ထိုင်ပြီး တစိမ့်စိမ့်ကြည့်ရတဲ့ စတုတ္ထနှစ်။
****************************************
ပဉ္စမနှစ်
မစန္ဒာရဲ့  ဂျီဟောသူ။ ကဗျာမဆန်တဲ့ ခြေလှမ်းတွေ… ဟန်ဆောင်မှုကင်းတဲ့ ရယ်မောသံတွေ… ဆေးရောင်မခြယ်တဲ့ သဘာဝမျက်နှာ… မာယာကင်းတဲ့ မျက်ဝန်းအကြည့်တွေနဲ့ … … ပြီးပြည့်စုံတဲ့ ဂျီဟောသူအလှ။
ပကာသနအလှကိုသာ ခံစားပြီး သဘာဝတရားကို မေ့လျော့နေသူတချို့ က ရက်ရက်စက်စက် နာမည်ပေးရက်တယ် “ဘီလူးကျွန်း”တဲ့။ RITကျောင်းသူတွေ အရုပ်ဆိုးကြတယ်တဲ့။ နူးညံ့တဲ့ခြေလှမ်းတွေ… မခို့ တရို့ အကြည့်တွေ… မပွင့်တပွင့်အပြုံးတွေ… တိုးညှင်းညှင်းစကားသံတွေ… ရှက်ကိုးရှက်ကန်းအမူအရာတွေ…ဒါတွေဟာ
မိန်းမတယောက်ရဲ့ အလှတရားလို့  သတ်မှတ်ခဲ့ရင်တော့…RITကျောင်းသူတွေ ရုပ်ဆိုးပါသည်။
ပွင့်လင်းရိုးသားမှုတွေကို့ အလှတရားလို့  သတ်မှတ်ခဲ့ရင်တော့… RITကျောင်းသူတွေ အတော်လှပါသည်။
“အချိန်မရှိတော့ဘူး… ကျောင်းပြီးဖို့  တနှစ်ပဲလိုတော့တယ်…ငါ့ကို အဖြေပေးတော့ဟာ”
“ဘယ်လိုမှမအောင့်မေ့ပါနဲ့ ဟာ… ငါနင့်ကို နဲနဲလေးမှစိတ်ဝင်စားလို့  မရလို့ ပါ… ငါဘယ်နှစ်ခါပြောရမလဲ”
အဲဒီလို ပွင့်လင်းစွာ ရဲရဲတင်းတင်း ငြင်းတတ်ကြသလို…။
“နင် ဖဲဘယ်လောက်ရိုက်သလဲ ငါသိတယ်… နင် အရက်ဘယ်လောက်သောက်သလဲ ငါသိတယ်… ငါနဲ့  ချစ်သူဖြစ်ရင်တော့ ဆက်လုပ်ရဲလုပ်ကြည့်… ”
အဲဒီလို ဘုဘောက်နဲ့  ကဗျာမဆန်စွာ အဖြေပေးတတ်ကြသည်။
ဒါကြောင့်ပဲ တချို့ က “ဘယ်လိုမှ ရင်ခုန်လို့  မရဘူး…သူတို့ နဲ့ စကားပြောရင်
သူတို့ မိန်းခလေး ဆိုတာတောင် မေ့နေတယ်…ယောင်္ကျားတွေလိုပဲ” တဲ့။
****************************************
ဆဌမနှစ်(သို့ ) နောက်ဆုံးနှစ်
အမြဲလို တက်ကြွနေတဲ့ ခြေလှမ်းတွေက နှေးကွေးသွားသည်။ ဆွဲဆန့် လို့  မရတဲ့ ကျောင်းသားဘ၀ရဲ့ နောက်ဆုံးနေ့ ရက်တွေ။ အရင်က ကြည့်မရတဲ့သူတွေနဲ့ တောင် ဆက်ဆံရေးတွေ ကောင်းမွန်။ RITကျောင်းသူတယောက်ရဲ့  အနူးညံ့ဆုံးနှစ်…။
စာအုပ်ရှေ့ ချပြီး ခပ်ငေါင်ငေါင်ဖြစ်တဲ့အခါ ဖြစ်…။ Projectနဲ့  ဦးနှောက်စားရင်းကပဲ ကဗျာတပိုင်းတစကို ချချရေး…။ လွမ်းတတ်တာက သဘာဝပဲလေ။
ဂျီဟောရှေ့ မှာ… ခရေပင်လမ်းမှာ… Lဆောင်နံဘေးမှာ… ကားပတ်ကင်မှာ… နွေးအေးမှာ… နောက်ဆုံးနှစ်ကျောင်းသူတချို့  လက်တွဲဖေါ်ချစ်သူနဲ့  စာတပုဒ်ကို ဆွေးနွေးတဲ့အခါဆွေးနွေး… ဘ၀ရှေးရေးကို တိုင်ပင်တဲ့အခါတိုင်ပင်… ချိန်ခွင်ညှာငြှိ။ ကြိတ်ကြွေတို့ အသဲကွဲသံကို လက်ဘက်ရည်တခွက် အေးစက်စက်ဖြစ်တဲ့အထိ ဘော်ဒါအရင်းကြီးတွေမို့  ဒုက္ခခံနားထောင်ပေးရတာလဲရှိ။ စာရှင်းကောင်းတဲ့ သူငယ်ချင်းကို ကွမ်းတယာ လာဘ်ထိုးပြီး စာရှင်းခိုင်း။ အရက်နာကျပြီး မရှုနိုင်မကယ်နိုင်သူတွေကို လွတ်သွားတဲ့စာတွေ ပြန်ရှင်းပြ။ ကဗျာစာအုပ်လေးတွေကိုင်ပြီး ဟိုအတန်းရှေ့ မယောင်မလည် ဒီအတန်းရှေ့ မယောင်မလည်နဲ့  ကဗျာစာအုပ်ရောင်းနဲ့ …ခါတိုင်းနှစ်တွေထက် ပိုအလုပ်ရှုပ်တဲ့ နောက်ဆုံးနှစ်RITကျောင်းသူ။
ဆရာမလာသေးခင် အတန်းထဲမှာ ဘ၀ရည်မှန်းချက်ဆွေးနွေး။ ဟိုးအဝေးနိုင်ငံရပ်ခြားမှာ ဘွဲ့ လွန်ယူနိုင်ဖို့  မျက်တွင်းဟောက်ပက်နဲ့  အိပ်စက်ဖို့ မေ့လျော့နေသူ… ဆရာမပြန်လုပ်မယ့် ရည်ရွယ်ချက်နဲ့  Noteကောင်းကောင်းလေးတွေ စုစောင်းနေသူ… လူအများကြီးကို အုပ်ချုပ်ရတဲ့ အင်ဂျင်နီယာကြီးဖြစ်ဖို့  လေ့လာကြိုးစားနေသူ… ကွန်ပြူတာပညာရှင် အရူးအမူးဖြစ်ချင်သူ… တယောက်ရည်မှန်းချက် တမျိုးနဲ့  ဘ၀ထဲတာထွက်ဖို့  စောင့်နေကြတဲ့ နောက်ဆုံးနှစ်RITကျောင်းသူ။
အသစ်သစ်ရောက်လာတဲ့ RITကျောင်းသူ မျိုးဆက်သစ်လေးတွေက အချိန်စီမံခန့် ခွဲမှု အတော်ကျွမ်းပုံရသည်။ စာမေးပွဲနီးတဲ့အထိ လှလှပပ ကြွကြွရွရွ။ နောက်ဆုံးနှစ်မမတွေ ပြန်ပညာယူချင်လာတဲ့ အထိ။ သူတို့ လေးတွေရဲ့ နုနယ်ပျိုမျစ်ခြင်းတွေကိုတွေ့ တော့ ပထမနှစ်က ထမီတိုတိုနဲ့  အတန်းပြောင်းရသည့် မအူမလည်ဘ၀တွေ လွမ်းသည်။
တကယ်တော့ RITကျောင်းသူတွေက စွယ်တော်ပန်းလေးတွေနှင့်တူသည်။ လေဒဏ် မိုးဒဏ် ကြံ့ကြံ့ခံနိုင်သော တောရိုင်းစွယ်တော်လို… သူ့ အဆင်း သူ့ ရနံ့ နှင့် သူ့ ပတ်ဝန်းကျင်ကို အလှဆင်နေသည့် ပန်းတပွင့်…တကူးတက ယုယပြုစုစရာမလို ကိုယ့်အားကိုယ်ကိုးလို့  ငွားငွားစွင့်စွင့် ပွင့်လန်းတတ်သည့် ပန်းတပွင့်… ပန်းမဆန်စွာ အကြမ်းခံသည့် ပန်းတပွင့်… အဲဒီလို ပန်းတပွင့် ဖြစ်ခွင့်ရခဲ့တဲ့ ဘ၀ကို အမြဲလွမ်းဆွတ် ကျေနပ်နေဦးတော့မည်။
တန်ခူး
10:30am 03-Jul-2008
Monday, September 15, 2008
RITကျောင်းသူ
( Labels: ကျောင်းသားဘ၀ ) Posted by tinkyawoo at 9:57 PM 6 comments
Tuesday, September 2, 2008
New Browser (Google Chrome)
Browser! Browser! Browser!.. အင်တာနက်ကြည့်ဖို့ browser တွေမှိုလိုပေါက်နေတဲ့ အထဲ Google ကလည်းလုပ်ချလိုက်ပြန်ပြီ။ Google Chrome Browser တဲ့ opensource အလကားပေးတဲ့ အင်တာနက်ကြည့် software. ဒါနဲ့ Chrome ဆိုတာဘာလဲ မေးပါအုံး။ Chrom ဆိုတာ ကွန်ပျူတာ စကားနဲ့ဆိုရင် Graphical user interface တွေရဲ့ ဘောင် အနားသပ် ကိုခေါ်တာပါ။
ကြည့်ချင်တဲ့ ဆိုဒ်တွေကို tab လေးတွေနဲ့ ခွဲပြီးတော့ အများကြီးကြည့်လို့ရပါတယ်။ အားတာချက်တွေက တော့ website တစ်ခုပြသနာ တက်ပြီး hung ဖြစ်သွားရင် firefox တို့မျာလိုမျိုး ဖွင့်ထား တမျှ tab တွေ အကုန်လုံး ပိတ်ပြစ်ရလောက်အောင် အခြေနေ ဆိုးတာတွေက နေ ကာကွယ်တားပါတယ်။ ပြသနာတက် တဲ့ tab လေးကိုပဲ ရွေးပြီး ပိတ်လိုက်ရုံပဲ။ Beta version ဖြစ်တာကြောင့် ချွတ်ယွင်းချက်အနည်းငယ် တော့ရှိနိုင်ပါတယ်။
Google chrome ကို opensource components တွေနဲ့ တည်ဆောက်ယူထား တာပါ။ Apple က WebKit နဲ့ Mozilla က Firefox ကို အခြေခံထားပြီး အကောင်းဆုံးဖြစ်အောင်လုပ်ယူထား တာပါ။ Internet ကြည့်ရှုရာမှာ နောက်ထပ်ရွေးခြယ် စရာ အနေနဲ့ တည်ဆောက်ထားပြီး web ကို ကောင်းစွာ browse လုပ်ဖို့ရည်ရွယ်တယ်လို့ Google နေပြောပါတယ်ဗျာ . . . . ။ ![]()
( Labels: Software ) Posted by tinkyawoo at 11:51 PM 2 comments
Wednesday, August 13, 2008
Packet Tracer, Simulation based learning environment for Networking
Packet Tracer 4.11 is a standalone, medium-fidelity, simulation-based learning environment for networking novices to design, configure, and troubleshoot computer networks at a CCNA-level of complexity. Packet Tracer supports student and instructor creation of simulations, visualizations, and animations of networking phenomena. Like any simulation, Packet Tracer 4.11 relies on a simplified model of networking devices and protocols. Real computer networks remain the benchmark for understanding network behavior and developing networking skills. Packet Tracer was created to help address the "digital divide" in networking education, where many students and teachers lack access to equipment, bandwidth, and interactive modes of learning networking. >> DOWNLOAD HERE <<
( Labels: Software ) Posted by tinkyawoo at 12:46 AM 0 comments
CCNA Cisco Certification, Learning Books and Exam Guide
Cisco learning guid ICND1 and ICND2. and ExamCram CCNA exam guide. Click images to download books.
( Labels: Library Book ) Posted by tinkyawoo at 12:35 AM 0 comments
Tuesday, July 8, 2008
VHDL programming for FPGA hardware Chips
တတ်တဲ့ပညာ မနေတာဆိုသလိုပဲ Electrical Electronic Engineering ဘက်ကို အခုသလော ပြန်လှည့်နေ ဖြစ်တယ်။ အရင်ကတော့် Microtech ကထုတ်တဲ့ PIC Microchip တွေနဲ့ နပမ်း လုံးနေခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ မြန်မာပြည်မှာ။ အင်တာနက်လည်း တိတ်အဆင်မပြေ သေးဘူး အဲဒီတုန်းက။ PIC chip ကို program လုပ်ဖို့ hardware programmer ကလည်းဝယ် ရအောင် နိုင်ငံခြားအထိ လှမ်းမှာရမှာ ဆိုတော့ ကိုယ်တိုင်ပဲ very Dirty hardware programmer လေးတစ်ခု ဆောက်လိုက်တယ်။ ပြီး တော့ ဆောဖ်ဝဲ ထိုင်ရေးရပြန်ရော၊ PIC အတွက် HEX file ကို hardware စီကို send ဖို့။ ဟင်း. . . . i miss those days . . အပူအပင်ကင်းပြီး လုပ်ချင်ရာတွေ အေးအေး ဆေးဆေး လုပ်လို့ ရနေတဲ့ အချိန်တွေပေါ့။
နောက်တော့လည်း Engineer တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ကွန်ပျူတာလောကထဲကို စုံလုံး ၀င်လာတော့တာပါပဲ။ အခုတော့ Altera ကထုတ်တဲ့ FPGA chip တွေကို စိတ်ဝင်စားနေတယ်။ သူ့စီက ထုတ်တဲ့ Altera DE1, DE2 board တွေက အတော်လေးကောင်းတယ်။ တိုးတက်လာပြီ ဖြစ်တဲ့ နည်းပညာနဲ့ ဈေးပေါပေါဝယ်သုံးလို့ရတာပေါ့။ ဒေါလာ 150 ကနေ 450 အထိ မော်ဒယ်ပေါမှာ မူတည်ပြီး ပေးရတယ်။ DE1 board လောက်ဆို လုံလောက်ပါတယ်။ မြင်တယ် မှလား Altera DE2 Board?း) အင်မတန် လှပတဲ့ FPGA Board ကိုပုံမှာ ပြထားတာ၊ 4 touch buttons, 12 dip switches, 2 40 pin IO port, RS232, VGA out, Audio In/Out, wow!!! ဒါမျိုးတွေလွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိပ်မက်တောင် အတော်မက်ယူရတယ်။ ကျွန်တော်ကတော့ ရေလည် သဘောကျတယ်။ ၀ယ်ဖြစ်အောင် ၀ယ်အုံးမယ်။ PIC16F84 ကို parallel, serial port တွေဖြည့်ပြီး။ external memory ဖြည့် IO ports တွေထဲ့ပြီး Magic board လေးတည်ဆောက်ဖို့ထိ စိတ်ကူးခဲ့သေးတယ်။
FPGA ဆိုတာကတော့ IC chip လေးကို VHDL, Varilog တို့လို Hardware Description Language နဲ့ program လုပ်ပြီး မိမိစိတ်ကြိုက် Hardware Devices အသစ်တည်ထွင်နိုင်တဲ့ နည်းပညာရပ်ပါပဲ။ ဒီ post ကို Engineer တွေဖတ်နေတာဆိုရင်တော့ ကျွန်တော် အထူးပြောပြနေ စရာမလိုတော့ဘူး ထင်ပါတယ်။ သင်ကိုတိုင် MP3 player အသစ်တီထွင် လို့ရတယ်။ Hardware only Internet Browser လည်းလုပ်လို့ရတယ်။ VCD player လည်းတီထွင်နိုင်တယ်။ Security Device Control Panel လည်းလုပ်လို့ရတယ်။ Video capture card, TV tunner Card, ဦးနှောက်ထဲ စဉ်းစားလိုက်၊ အဲဒါတွေ အကုန်လုပ်လို့ရတယ်။ ဒါမျိုးတွေ အရင်ကလုပ်ရင် ဘယ်လွယ်မလဲ။ 74xxx လို basic Digital Chip တွေနဲ့ နပမ်းလုံးပြီး အလွန်ကြီးမားလှတဲ့ circuit board ကြီးတွေလုပ်ရမှာ။ ခုတော့ ဒီ digital logic တွေကို VHDL လို language နဲ့ရေးပြီး FPGA IC ထဲ burn လိုက်တာနဲ့ အုံဖွ . . . ပြီးသွားပြီ။
VHDL လေ့လာနေသူတွေ၊ လေ့လာချင်သူတွေအတွက် အောက်မှာ ဒေါင်းလုပ်ပေးထား သလို အခြား အားလုံးသော စာအုပ်တွေကို ညာဘက်ရှိ MyLibrary section ထဲမှာ ရယူနိုင်ပါတယ်။

>> အားလုံးတော Engineering စာအုပ်များလိုချင်ရင် CLICK လုပ်ပါ <<
Read more!( Labels: Engineering ) Posted by tinkyawoo at 10:58 AM 3 comments
Friday, June 27, 2008
Microsoft SQL Server 2005, Programming
Microsoft SQL Server 2005 Stored Procedure Programming in T-SQL & .NET, Third Edition
McGraw-Hill/Osborne 2006 (704 pages)
ISBN:0072262281
Use this definitive resource to get key concepts, techniques, and best practices to help you take full advantage of stored procedures using SQL Server's native Transact-SQL and .NET CLR languages.
Welcome to Microsoft SQL Server 2005 Stored Procedure Programming in T-SQL & .NET. This book identifies and describes the key concepts, tips, techniques, and best practices the professional developer needs to master in order to take full advantage of stored procedures using SQL Server's native Transact-SQL and .NET compatible programming languages. >> Download Here <<
( Labels: Library Book ) Posted by tinkyawoo at 2:51 AM 0 comments
Tuesday, June 17, 2008
How to and where to watch online Videos
Nearly everybody like to watch movies. Some watch CD, DVDs, some goes to cinema, some watch on computer, some watch using computer on INTERNET. Where ever they watch from, we can say they watch movies. Today what I want to tell to people who came and read my blog is about how to and where to watch movies Online on Internet for FREE.
There are lots of web sites where you can watch movies online for free without spending a penny. Opps! i forgot to tell you about myself. I use to watch movies a lot. Sometimes, 4 or 5 movies a day. :D so, here are the web sites I usually used to watch movies.
My Favorite English movie web site is call ppfilm which is Chinese web site, everything is written in Chinese. But don't worry you will just simply know how to use it. And another one is JAPANESE, KOREAN, CHINESE, HONGKONG movies web site, which is crunchyroll. I will give you lists of web site address at the end of this post. don't worry, keep reading :)
Best of all www.aznv.tv is the best for korean, chinese movies. You will need WinAmp player for aznv, for PPfilm will need to install the player give on it's website.
At last, make sure your internet connection is fast enough to stream smooth video streams to pass around. Not fast enough internet? :D huh! dont worry, just open the video and leave it alone for 1 or 2 hours!!! it's will just download the whole movie into the player, after that, just click Play again and watch it. Enjoy!!
lists of movie websites
| English | Korea, Japanese, Chinese, Hongkong | Myanmar |
| www.ppfilm.cn www.i-filmfest.blogspot.com/ http://www.66stage.com/ | www.crunchyroll.com www.i-filmfest.blogspot.com/ www.aznv.tv | www.yamc.info/ www.khayanpyareinmet.com/movie.htm www.i-filmfest.blogspot.com/ www.minthila.com/free-movie20.htm |

Read more!
( Labels: Movie ) Posted by tinkyawoo at 6:55 AM 2 comments
Monday, June 16, 2008
New book on ASP.net
ASP.NET စလုပ်မည့်သူတွေ ဒါမမဟုတ် asp.net ရေးသူတွေရဲ့ မလှမ်းမကမ်းမှာ လိုရင် ဆွဲယူ ကြည့်နိုင်ဖို့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ လိုရမယ်ရ အသုံးပြုချင်သူတွေ အတွက် အသုံးဝင်မယ်လို့ ထင်လို့ တင်ထားပေးတာပါ။
အခြားစာအုပ်တွေ ကတော့ ညာဘက်ဘေးက menu မှာ ဆိုင်ရာဆိုင်ရာ စာအုပ်တွေ စုဆောင်း တင်ပေးထားပါတယ်။ (Download)
( Labels: စာအုပ်ကောင်းများ ) Posted by tinkyawoo at 10:55 PM 0 comments
Friday, June 13, 2008
Bloging from desktop
ဘာရယ်မဟုတ်ဘူး ပျင်းပျင်းရှိလို့ Microsoft Live Writer ကို စမ်းသုံးကြည့်သာ။ အဆင် တော်တော်ပြေပါတယ်။ post တွေ တင်ရတာ ရေးရတာလည်း တော်တော် အဆင်ပြေတယ်။ internet connection နှေးနေရင် ဖြစ်ဖြစ်၊ Internet မရှိတဲ့နေရာမှာ ဖြစ်ဖြစ် စာတွေကြိုရေးထားလို့ ရတယ်။ အင်တာနက် ရှိတဲ့ connection ကောင်းတော့မှ blog ပေါ်ကို လှမ်းပြီး တင်လိုက်လို့ရတယ်။ သုံးချင်ရင် download ဒီမှာလုပ်လို့ရတယ် http://get.live.com/writer/overview ဘေးကပုံကတော့ Windows Live in Action ပါ။
ဒီ post ကို ရေးပြီးတော့ Publish လည်းလုပ်ရော ပြသနာက စတော့တာပါပဲ။ ပြသနာက publish လုပ်တိုင်း error တက်နေတယ်။ နောက်မှ ဟိုရှာဒီရှာနဲ့ ဒီ registry file လေးရပြီး အဆင်ပြေသွားတယ်။ လိုရမယ်ရ ဒီမှာ download လုပ်ပေါ့ Solve Microsoft Live Writer
Read more!( Labels: Software ) Posted by tinkyawoo at 10:15 AM 0 comments
Monday, June 2, 2008
A* Pathfinding ကွန်ပျူတာ လမ်းရှာခြင်း အကြောင်း

Game ထဲမှာ အကောင်လေးတွေ ဟိုသွားဒီလာ လှုပ်ရှားနေတာတွေ ဂိမ်းကစားသူတွေ တွေ့မှာပေါ့။ အဲလိုသွား လာလှုပ်ရှားတတ်အောင်လို့ ဂိမ်းရေးသူတွေက ပရိုဂရမ် လုပ်ထားတာပါ။ အဲဒီပရိုဂရမ်တွေဟာ မျက်ကန်း စုန်မှိတ် ဟိုကနေ ဒီသွား ဒီကနေ ဟိုသွား ဆိုပြီး အသေရေးထားတာ မဟုတ်ပါဘူး။ A.I ဆိုတဲ့ Artificial Intelligent ဥာဏ်ရည်တုနဲ့ တွက်ချက်လုပ်ထားတာပါ။ ရှင်းရှင်းပြောရရင်တော့ ရန်သူ ဘယ်နားမှာရှိလဲ ဘယ်ကိုသွားသင့် သလဲ။ ဘယ်လိုသွားရမယ် ဒါတွေကို တွက်ချက်ယူလို့ ရပါတယ်။ ကဲ စပြီးတွက်ကြည့်မလား။
မတွက်ခင် ဖော်မြူလာလေး ရေးပေးမယ်၊ အဲဒီ တွက်နည်းကို A* တွက်နည်းလို့ ခေါတယ်။
F = G + H တဲ့
G = တနေရာကနေ တစ်နေရာကို ရွှေ့သွားရင် ကုန်ကျတဲ့ ကုန်ကျ စရိပ် (မြေပြန့်မှာဆို ၁။ တောင်ကုန်းတက်မယ်ဆို ၃။ ရေထဲဖြတ်လျှောက်မယ်ဆို ၆၊ စသဖြင့်)
H = တနေရာကနေ နောက်ဆုံး သွားလိုရာပန်းတိုင်ကို ရောက်အောင်သွားတဲ့ ကုန်ကျ စရိပ်။
ကဲနောက်မှ သေးစိပ်ဆက်ရေးမယ်။
( Labels: AI ဥာဏ်ရည်တု ) Posted by tinkyawoo at 1:57 AM 2 comments
Tuesday, May 20, 2008
င်္freelance Artist needed for a game
Hi anybody anyone here, i am looking for an artist, who can draw cartoon characters, for me in developing a game. anyone with any information, please contact mmgamedev@gmail.com . thanks.
ဂိမ်းတစ်ခုတွင် အသုံးပြုရန်အတွက် လိုအပ်နေတဲ့ ဂိမ်းကာတွန်း အကောင်လေးများ ဆွဲပေးနိုင်သူ ကာတွန်းဆွဲ သူတစ်ဦး အရေးသကြီးလိုအပ်ပါတယ်။ ကွန်တက် mmgamedev@gmail.com .
( Labels: Job Offers ) Posted by mmgamedev at 2:46 AM 4 comments
Monday, May 5, 2008
Convert ဖြစ်ခြင်း အကြောင်း
အခုတလော convert ဖြစ်နေပြီ။ Religious convert ကိုပြောတာမဟုတ်ဘူးနော်။ windows ကိုတက်ရ ဆင်းရတာ စိတ်ဆင်းရဲလို့ linux ပြောင်းသုံးနေတာ။ ubuntu Gusty ကနေ အခု Ubuntu hardy ကိုဆက် သုံးနေပြီ။ တက်ရ၊ ဆင်းရတာ မြန်တယ်၊ တက်ပြီဆိုတာနဲ့ အသုံးပြုဖို့အဆင်သင့်။
windows မှာဆိုတက်သွားပြီးတာကို ဘာလုပ်နေမှန်းမသိဘူး wait နေရသေးတယ်။ Linux ကို Future လိုအပ်ချက်အရ ထဲထဲဝင်ဝင် ကလိနေတာ။ အခုတော့ expert ပေါက်စတောင်ဖြစ်နေပြီ။ :) Windows applications တွေလည်းတော်တော်များများ ပြန်အသုံးလို့ရတယ် Wine ကိုသုံးပြီး ဖွင့်လို့ရပါတယ်။
( Labels: OS ) Posted by tinkyawoo at 9:32 PM 1 comments